ခန္တီး မတ် ၁၉
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၁၇)ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆိုလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်လည်း မတ်လ ၁၇ ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ အ.ထ.က(ခန္တီး)စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိရာ ခန္တီးတပ်နယ်မှူး၊ ဗိုလ်မှူးကြီးလင်းထင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး သက်ထွဋ်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား(၁၂၈) ဦး၊ ကျောင်းသူ(၂၇၆)ဦး စုစုပေါင်း(၄၀၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား (၁၃)ဦးနှင့် ကျောင်းသူ(၁၀)ဦး စုစုပေါင်း(၂၃)ဦး ပျက်ကွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၆)ရက်တာ ဖြေဆိုသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန ပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက အပြင်စည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)