မုံရွာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များရှိ စာစစ်ဌာန ၃၅ ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း - ၁၀၃၀၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)