မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေး

အထက်မင်းလှ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်ရာ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယမန်နေ့ညနေ (၄) နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာမေးပွဲဖြေဆိုရန် လာရောက်တည်းခိုနေထိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တည်းခိုနေထိုင်ရာတွင် လိုအပ်သည့် ကျန်းမာရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေချောမွေ့စွာ ရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)