နတ်မောက်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ 

နတ်မောက် မတ် ၁၉ 

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား/သူ ရင်သွေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က နတ်မောက်မြို့ရှိ နတ်မောက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူလတန်းကြိုသားငယ်သမီးငယ်များက တိုင်းရင်းသားရိုးရာအကပဒေသာတေးသီးချင်းလေးများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာမများ၊ ကျောင်းကော်မတီဝင်များက မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းမည့် ကျောင်းသား/သူတို့အား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆရာမများနှင့် ကျောင်းသား/ သူရင်သွေးငယ်လေးများနှင့်အတူ စုပေါင်း၍ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း