တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွန်းအမှတ်အသားအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဋ္ဌေးဋ္ဌေးက ကုန်စည်၏အမျိုးအစား၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့် စားသုံးသူကာကွယ်ရေးဥပဒေအရဒီအချက်တွေကို မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခုခုဖြင့်ဖြစ်စေ တစ်ခုထပ်ပို၍ တွဲလျက်ဖြစ်စေဖော်ပြပါရှိရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ပြည်တွင်း/ပြည်ပ ထုတ်လုပ်တင်သွင်းသည့် အမည်၊ လိပ်စာ၊ ထုတ်လုပ်/ထုတ်ပိုးသည့် လုပ်ငန်းအမည်၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအစားများနှင့် ပစ္စည်းများ၏ပမဏ၊ ပါဝင်မှုအချိုးအစားနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များစသည့်တို့ ပါရှိရမည့်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များမှသိရှိလို့သည် အကြောင်းအရာများအားမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)