တောင်တွင်းကြီး မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) ခွဲနာရီက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင် ဒေါ်သီတာဝင်းက အလုပ်ရှင်များအတွက်ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေမှ ကလေးအလုပ်သမားများ၏အသက်အရွယ်စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)