တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်ဖွင့်ပွဲ၊ နဝမအကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ယျေမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်ဖွင့်ပွဲနှင့် နဝမအကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က စေတီတော်မြတ်ကြီး၏ ဇေယျဝဎန ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နမောတဿ(သုံးကြိမ်)ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ခင်သာကျောင်းဆရာတော်မှ ဘုရားပင့်ဂါထာဖြင့် ပူဇော်ပင့်ဖိတ်ခဲ့ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ သာယာအေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တ အရှင်သူမြတ်ထံမှငါးပါးသီလခံယူဆောက်တည်ပြီး  တိုင်းသံဃာ့ဝန်ဆောင် ဆရာတော်၊ ကန်တော်မင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ သုစိတ္တ ဆရာတော်အရှင်သူမြတ်ကြီးနှင့် တိုင်းသံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်၊ ငှက်ပစ်တောင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာကမ္မဌာနစရိယ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ မာနိတ ဆရာတော်အရှင်သူမြတ်ကြီးနှစ်ပါးထံမှ သဝြာဒလမ်းညွှန်မိန့်ကြားခဲ့ကာ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစံသိန်းက အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့်ပတ်သတ်၍ လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့၊ တောရစွယ်တော်ကျောင်းဆရာတော်မှ နတ်၊ ဗြဟ္မာများအားဖိတ်ကြားခဲ့ပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက (၂၄)ပစ္စည်း ပစ္စယနိဒေသအကျယ် ရွတ်ဖတ်ပူဇော်ခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌာတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ် အမှတ်() စစ်အခြေခံလေ့ကျင့်ရေးတပ်မှ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်များ တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)