ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဖြူး မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တံခွန်တိုင်ရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ(၅၀)ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း ကျောက်ရောမြေလမ်း​​ခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက ယမန်နေ့၊ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် (၁၇-၂-၂၀၂​၅)ရက်နေ့မှစတင်ကာ ကျောက်ရောမြေခင်းလမ်း အရှည်(၁၅၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ၊ (၁)နာရီရေဂါလံ ၂၀ဝ ကျော် ထွက်ရှိသော ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြီးစီးမှုအခြေအနေအား ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်သည့်လုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာအတွက်လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေရရှိရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)