ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ  တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၉)ခုတွင် ကျောင်းသား/ကျောင်းသူ (၁၀၆၂) ဦးဖြေဆို

ကန်ကြီးထောင့် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉)ခု၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၀၆၂) ဦးက ယမန်နေ့နံနက်ပိုင်းတွင်  ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန(၉)ခုဖြစ်သော အ.ထ.က-ကန်ကြီးထောင့်(စက်၊ စိုက်၊ မွေး)၊ အ.ထ.က(ဒါးက)၊ အ.ထ.က(ကျိုက်လတ်)၊ အ.ထ.က (ဆပ်ကွင်း)၊ အ.ထ.က(တကုန်းကြီး)၊ အ.ထ.က(ကုလားကွင်း)၊ အ.ထ.က(မြင်းကဆိပ်)၊ အ.ထ.က(ကံရွာ)နှင့် အ.ထ.က(ဝဲကြီး) တို့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၁၃၀) ဦးရှိသည့်နက် ယမန်နေ့ မြန်မာဘာသာအား ဖြေဆိုသူဦးရေ (၁၀၆၂)၊ ပျက်ကွက်သူဦးရေ(၆၈)ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း (၉၃.၉၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးစိုးကြည်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ ဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ ဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)