လှိုင်းဘွဲ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၉၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-လှိုင်းဘွဲ စာစစ်ဌာနနှင့် အ.ထ.က-ရွှေဂွန်း စာစစ်ဌာနတို့တွင် ကျင်းပခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများမှ အ.ထ.က-လှိုင်းဘွဲ စာစစ်ဌာနတွင် STEAMS(1) အတွဲမှ ကျောင်းသား၊ကျောင်းသူ (၇၁)ဦး၊ STEAMS(2) အတွဲမှ ကျောင်းသား၊ ကျောင်းသူ(၁၇၄)ဦး၊ STAMS အတွဲမှ ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၇၂)ဦး၊ အထက-ရွှေဂွန်းစာစစ်ဌာနတွင် STEAMS(1) အတွဲမှ ကျောင်းသား၊ကျောင်းသူ (၈၁)ဦး၊ STEAMS(2) အတွဲမှ ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦး၊ STAMS အတွဲမှ ကျောင်းသား၊ကျောင်းသူ(၃၀)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၂၂၆)ဦးရှိပြီး လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၉၈)ဦး၊ ပျမ်းမျှဖြေဆိုသည့် ရာခိုင်နှုန်း(၉၆%) ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောဒိ( ပြန်/ဆက်)