ဟင်္သာတ ခရိုင်ပြန်ဆက်ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး သတင်းစာဆရာ အသင်းဝင်များ တွေ့ဆုံပွဲကျင်းပ

ဟင်္သာတ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး သတင်းစာဆရာ အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟိုမှ အတွင်းရေးမှူး ဦးဇေယျာမြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဗဟိုအတွင်းရေးမှူး(၁) ဦးရဲရင့်စိုးညွန့်က အသင်း၏ ယနေ့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်းဒေသကြီး သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က တိုင်းဒေသကြီးအတွင်းရှိ သတင်းစာဆရာ အသင်းဝင်လျောက်လွှာများကို အသင်းဝင်များကိုယ်စား ပေးအပ်ခဲ့ရာ ဗဟိုကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးအေးထွန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးမေးမြန်းချက်များအပေါ် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဗဟိုကော်မတီမှ ဦးဇေယျာမြတ်ခိုင်က ပြန်လည်ရှင်းလင်း​​ဖြေကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အသီသီးတို့မှ သတင်းစာဆရာအသင်းဝင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)