ဘားအံမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ဘားအံ မတ် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၇) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ (၁၈၃၉) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံစာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ (၅၀၁) ဦး၊ အ-ထ-က(၂) ဘားအံစာစစ်ဌာန ကျောင်းသား/ကျောင်းသူ (၄၇၆) ဦး၊ အ-ထ-က(၃) ဘားအံစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၄၄၉) ဦး၊ အ-ထ-က(၄) စာစစ် ဌာနတွင် ကျောင်းသား/ကျောင်းသူ (၄၁၃)ဦး စုစုပေါင်း (၁၈၃၉)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း၊ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၉၁၂ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား (၃၉)ဦး၊ မ (၃၄)ဦး စုစုပေါင်း ပျက်ကွက်သူ(၇၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/ သူများအား အားပြည့်အချိုရည် Royal D ကို ဝေငှပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)