နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

နတ်တလင်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၂) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို နတ်တလင်းမြို့နယ်အတွင်းရှိ အ.ထ.က (နတ်တလင်း) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၄၁၄) ဦး အ.ထ.က (တာပွန်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၅) ဦး၊ စုစုပေါင်း (၅၅၉) ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅) ဦးရှိပြီး၊ ရာခိုင်နှုန်းအနေဖြင့် ၉၅ ဒသမ ၇၂ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)