ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

ကဝ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက အ.ထ.က(ကဝ) စာစစ်ဌာနနှင့် အ.ထ.က (အုန်းနှဲ) စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ဆရာ/ဆရာမများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား အ.ထ.က (ကဝ) စာစ်ဌာနနှင့် အ.ထ.က (အုန်းနှဲ) စာစစ်ဌာနတို့တွင် အတွင်းဖြေ (၉၇၅) ဦး၊ အပြင်ဖြေ (၁၇) ဦး၊ စုစုပေါင်း (၉၉၂) ဦးရှိရာ ဖြေဆိုသူ အတွင်းဖြေ (၉၂၁) ဦး၊ အပြင်ဖြေ(၅)ဦး၊ စုစုပေါင်းဖြေဆိုသူ (၉၂၆) ဦး၊ ပျက်ကွက် (၆၆) ဦး၊ ဖြေဆိုမှု (၉၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)