ရေတာရှည် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲကို ရေတာရှည်မြို့နယ်အတွင်းရှိ အ.ထ.က (ရေတာရှည်)၊ အ.ထ.က (ရွှေကြက်ယက်)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ.ထ.က (မြို့လှ)၊ အ.ထ.က (ရေနီ) စသည့်စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူစာရင်းရှိ (၁၁၆၃) ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ (၁၁၂၂) ဦး ပျက်ကွက် (၄၁) ဦး ဖြေဆိုသည့် ရာခိုင်နှုန်း (၉၆.၄၇) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)