ရေနံချောင်း မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ရေနံချောင်းမြို့ အ.ထ.က (၁) စာဖြေဌာန၌ ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၀၀၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ဒသမ (၈၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၀၂၃) ဦးအနက် ကျောင်းသား (၃၉၈) ဦးနှင့် ကျောင်းသူ (၆၀၃) ဦး စုစုပေါင်း (၁၀၀၁) ဦး လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက် (၂၂) ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇) ဒသမ (၈၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ရှိသူများပါဝင်သည့် အပြင်စည်းလုံခြုံရေးအဖွဲ့များက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)