ပဲခူး မတ် ၁၇
ပဲခူးမြို့နယ်၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၂၀၇၂)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပဲခူးမြို့နယ်အတွင်း စာစစ်ဌာန (၄)ခု ဖွင့်လှစ်ထားရှိ၍ ဖြေဆိုရန် (၂၁၅၆)ဦး စာရင်းပေးသွားထားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၅၂၃)ဦး၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈၄)ဦး၊ အထက(ဘုရားကြီး)၌ (၄၃၈)ဦးနှင့် အထက(အင်းတကော်)၌ (၃၃၇)ဦး စုစုပေါင်း (၂၀၇၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက် (၈၄)ဦးရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)