အုတ်ဖို မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၇ ရက် နံနက် ၉ နာရီအချိန်က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အထ.ကအုတ်ဖို၊ အထ.ကအေးမြသာယာနှင့် အ.ထ.ကအိုးသည်ကုန်းတို့တွင် စာစစ်ဌာန(၃)ခု ဖွင့်လှစ်ထားရှိကာ ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၄၇၃)ဦး၊ ပြင်ပဖြေဆိုသူ (၄၈)ဦး စုစုပေါင်း (၅၂၁)ဦးရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအသီးသီး၌ နေစဉ်အလှည့်ကျ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)