ဖြူး မတ် ၁၇
ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းချီပညာကို အခြေခံမှစတင်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဝါသနာအိုးများအဖွဲ့တို့ ပူးပေါင်း၍ အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးပြီး သင်ကြားတတ်မြောက်ဆန်းစစ်မှုအနေဖြင့် ပြိုင်ပွဲနှင့် ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ပန်းချီဝါသနာအိုးများအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သင်တန်းသုံးသပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အငယ်တန်းအဆင့်၊ အကြီးတန်းအဆင့်ခွဲ၍ ပန်းချီရေးဆွဲယှဉ်ပြိုင်ကြပြီးနောက် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်း၊ အငယ်တန်းအဆင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အကြီးတန်းအဆင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်နှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ပန်းချီဝါသနာအိုးများအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား (၁၀-၃-၂၀၂၅) ရက်နေ့မှ (၁၆-၃-၂၀၂၅) ရက်အတွင်း နံနက် ၉ နာရီမှ ၁၁နာရီအထိ သင်တန်းသား/သင်တန်းသူ ကျောင်းသား/ကျောင်းသူ (၂၈) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
နေမျိုးလွင် (ပြန်/ဆက်)