ကမမောင်း မတ် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်၀င်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်၀င်တန်းစာမေးပွဲ စတင်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမျိုးမြင့်၊ ကမမောင်းမြို့ဦးစီးမှူး ဦးသန်းလင်း၊ ကမမောင်းနယ်မြေရဲစခန်းမှ စခန်းမှူးဝင်းကြိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးကိုစနစ်တကျ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ကမမောင်းမြို့တွင် Grade-12 တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ကျား (၂၀) ဦး၊ မ (၄၅) ဦး စုစုပေါင်း (၆၅) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျား (၁၆) ဦး၊ မ (၄၀) ဦး စုစုပေါင်း (၅၆) ဦး၊ ပျက်ကွက်သူ ကျား (၄) ဦး၊ မ (၅) ဦး စုစုပေါင်း (၉) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၆.၁၅) ရာခိုင်နှုန် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမမောင်း(ပြန်/ဆက်)