ဟင်္သာတ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်း ခဲ့ရသည့် စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာမှ အိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့မှ ယခုလ ဒီဇင်ဘာ ၃ ရက်အတွင်း ကမ်းပြိုဘေးကြောင့် လူနေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ နေအိမ်များအတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ကျပ်(၁၀၀၀၀၀)နှုန်းဖြင့် စုစုပေါင်းအိမ်ဆောက် ပစ္စည်းဖိုး ရန်ပုံငွေ ကျပ်(၅၀၀၀၀၀)နှင့် အိမ်ထောင်စုများရှိ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ ကျပ်(၆၀၉၀၀) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၅၆၀၉၀၀)ကို ဟင်္သာတခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)