ကံမမြို့နယ်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူ (၉၄.၅၄) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

ကံမ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ)စာစစ်ဌာန၌ ယနေ့နံနက်(၉)နာရီက ကျောင်းသား/ ကျောင်းသူ(၄၅၀) ဦး မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကျင်းပရာတွင် ကံမမြို့နယ်၌ စာစစ်ဌာန(၁)ခုသာရှိပြီး ဘာသာတွဲ(Steams-1)၌(၇၅)ဦး၊ ဘာသာတွဲ(Steams-2)၌(၂၂၆)ဦး၊ ဘာသာတွဲ(Stams-1)၌ (၁၄၉)ဦး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၅၀) ဦး ဝင်ရောက်ဖြေဆိုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်အတွက် ကံမမြို့နယ်၌ ဖြေဆိုခွင့်လျောက်ထားသည့် ကျောင်းသား/ကျောင်းသူ (၄၇၆)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၅၀)ဦး ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၅၄)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)