သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မြန်မာစာ စတင်ဖြေဆို

သရက် မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ သရက်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မြန်မာစာ စတင်ဖြေဆိုခြင်းကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျား (၁၈၃)ဦး၊ မ(၃၁၀)ဦး၊ ပေါင်း (၄၉၃)ဦးရှိရာ ဖြေဆို ကျား (၁၇၅)၊ မ (၃၀၆)ဦး ပေါင်း(၄၈၁)ဦးရှိရာ ပျက်ကွက် ကျား (၈)ဦး၊ မ (၄)ဦး ပေါင်း (၁၂)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)