မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

အထက်မင်းလှ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ၌ (အ.ထ.က)မင်းလှစာစစ်ဌာနတွင် ပထမနေ့မြန်မာစာဘာသာရပ်ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ (၃၄၂)ဦး၊ အပြင်ဖြေဆိုသူ (၆၁)ဦး စုစုပေါင်း (၄၀၃)ဦးရှိရာ အတွင်းဖြေဆိုသူ (၃၂၁)ဦး၊ အပြင်ဖြေဆိုသူ (၅၃)ဦး၊ စုစုပေါင်း (၃၇၄)ဦး (၉၂.၈၀)%ရှိပြီး ပျက်ကွက်သူ (၂၉)ဦး (၇.၂၀)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                 

ဇာဇာ(အထက်မင်းလှ)