ညောင်လေးပင် မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားဆိုတာ ဘာလဲဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ရမည့် နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)