တောင်တွင်းကြီး မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထက (၁) စာစစ်ဌာနနှင့် ဆတ်သွားစာစစ်ဌာနကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါကျောင်းများတွင် စာမေးပွဲဖြေဆိုမည့် ကလေးများအတွက် ဖြေဆိုခန်းများစီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးရန်စီစဉ်ထားရှိမှု၊ မီးဘေးလုံခြုံရေးစီမံထားရှိမှု၊ အတွင်းစည်း အပြင်စည်းလုံခြုံရေးအတွက် စီစဉ်ထားရှိမှု၊ စာဖြေခန်းများ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိ ဆရာ/ဆရာမများက ရှင်းလင်းပြသခဲ့ပါသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဘာသာတွဲအလိုက် ကျောင်းသား/ကျောင်းသူ (၁၂၉၁) ဉီး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)