ရေတာရှည် မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအေးချမ်း စွာဖြေဆိုနိုင်ရေးအတွက် ရေတာရှည်မြို့ နယ်ရှိစာစစ်ဌာန (၆) ခုတွင် ပြင်ဆင်ထား ရှိမှုအခြေအနေများအား ယနေ့နံနက် ၈ နာရီအချိန်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲမှူးနှင့် သက်ဆိုင်ရာစာစစ်ဌာန (၆) ခုမှကြီး ကြပ်ရေးအဖွဲ့များက ရေတာရှည်မြို့ နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ တွင်စာဖြေခန်းများ၌ စာဖြေခုံများစီစဉ်ဆောင် ရွက်ထားရှိမှု၊ စာဖြေခန်းများ လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ခြင်း ရှိ/မရှိ၊ စာမေးပွဲဖြေဆိုနေစဉ်လျှပ် စစ်မီးများစီစဉ်ဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနနှင့် ပတ်ဝန်းကျင်မီးဘေးလုံခြုံရေး စနစ်တကျဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာ/ဆရာမများနှင့် တာဝန်ရှိသူ ဆရာ /ဆရာမများအား လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကိုရေတာရှည်တစ်မြို့နယ်လုံး၌ကျောင်းသား၊ကျောင်းသူများ (၁၁၆၃) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)