စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

မုံရွာ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၅ နံနက်ပိုင်းတွင် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးတင့်က ကလေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကလေးမြို့နယ်ရှိကျေးရွာ ၃ ရွာမှ ဒေသခံတောင်သူ ၃၀၀ အတွက် ယူရီးယားဓါတ်မြေဩ ဇာ ၃၀၀ အိတ်အားကျေးရွာများမှတာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ထမ်းဆောင်နေများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသည့် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးခရိုင်အတွင်း လုံခြုံတည်ငြိမ်ရေး၊ တရားဉပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။

ကလေးခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နေကြာသီးနှံ ၇၁၅၅၇ ဧက စိုက်ပျိုးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အင်ဒိုင်းကြီးကျေးရွာ၊ ဦးအောင်ဖြိုးပါတောင်သူ ၆ ဦး စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ခင်းဧက ၆၀ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး နေကြာစိုက်ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)