နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပန်းတနော်  မတ်  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့်  ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်း အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ကတက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးတို့က ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင် ပစ္စည်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများထံသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများအား ရိုက်ကူးခဲ့ကြ သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော  အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါ ကွန်ကရစ်လမ်းသည် လမ်းအရှည် ၆၃၅ ပေ၊  ၁၂ပေ၊ ၆လက်မ ထုရှိပြီး ပန်းတနော်မြို့နယ် စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ခု  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကန့်သတ်မှုမရှိ‌သော တင်ဒါစနစ် ခေါ်ယူ၍ ရာဇဝင်သစ်ကုမ္ပဏီက တင်ဒါ အောင်မြင်ကာရန်ပုံငွေ (၃၄.၅၉၀)သန်းဖြင့် စတင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)