ပခုက္ကူ မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်၊ (ခ-ကွင်း၊၂)လမ်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်က မီးလောင်မှုကြောင့် လူနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဒေါ်ထွေးရီနေအိမ်အတွင်း မီးဖိုမီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိ ထရံကာအား မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ထရံကာ(၁၂x၁၅)ပေ နေအိမ် (၈)လုံးနှင့် သွပ်မိုး၊ ထရံကာ(၁၅x၂၀)ပေနေအိမ် (၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသန်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်လင်းဆွေနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၃ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွာသူအား ပခုက္ကူမြို့မရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မီးဘေးသင့်ပြည်သူများအား အမှတ်(၅)ရပ်ကွက်ရှိ ကိန္နရာတောင် ဘုန်းတော်ကြီးကျောင်း၌ ယာယီပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)