ဆိပ်ဖြူမြို့နယ်တွင် မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်အား ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ

ဆိပ်ဖြူ မတ် ၁၅

မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်အား ယနေ့နံနက် ၈ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာသနပ်ခါးကို ရှေးယခင်နှစ်ကာလများစွာမှသည် ယနေ့ထိတိုင်ကျန်းမားရေးဆိုင်ရာများနှင့် အလှပရေးရာကိစ္စရပ်များ၌ လိမ်းခြယ်အသုံးပြုဆောင်ရွက်လျက်ရှိပြီး၊ မြန်မာအမျိုးသား/ အမျိုးသမီးများ၊ ကလေးသူငယ်မှသည် လူငယ်၊ လူလတ်နှင့် သက်ကြီးအရွယ်များပါ မြတ်နိုးစွာလိမ်းခြယ်ကြကာ မြန်မာယဉ်ကျေးမှု သနပ်ခါးခြယ်သခြင်းကို ကမ္ဘာကသိရှိလာ၍ ကမ္ဘာလှည့်ခရီးသွားများကပါ မြတ်နိုးစွာ လိမ်းခြယ်လာကြသလို မြန်မာ့ရိုးရာသနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ယူနက်စကို၌ မြန်မာ့ရိုးရာသနပ်ခါးနေ့ မှတ်တမ်းတင်နိုင်ရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က ပူးပေါင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးအရာရှိတို့က မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်အား ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ မြန်မားရိုးရာသနပ်ခါးအကြာင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်ကို ဆက်လက်ကျင်းပခဲ့ကြပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက မြန်မားရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းကို ပါဝင်ဆင်နွှဲခြင်း မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ နံရံကပ်ဓာတ်ပုံ၊ ပိုစတာ၊ ကဗျာ၊ ဆောင်ပါးတို့ကို လေ့လာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)