ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်ပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဒေးဒရဲ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီက ဆွမ်း​ဆန်စိမ်းလောင်းလှူပွဲအား ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြတ်စွာဘုရားအပါအဝင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာတော်အပါး (၁၀၈)ပါးအားက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ ဆက်ကပ်လောင်းလှူခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့အခါသမယတွင် ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိဿာကျွေးမွေးခြင်းများ၊ နိဗ္ဗာန်စျေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေဇာလင်း