ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ 

မုံရွာ မတ် ၁၄

နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယအဓိပတိမဟာနာယက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအဖြစ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်ကြီးများမှ ဆရာတော်/သံဃာတော် အပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ ၁၂ ရက်နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာ အကယ်ဒမီကျောင်းတိုက်ကြီး အတွင်းကျင်းပရာ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့်အလှူရှင်များက စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ပရိယတ္တိ၊ပဋိပတ္တိ ကျောင်းတိုက်ကြီးများမှ ဆရာတော်/ သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)