စလင်း မတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ (၃၀)မိနစ်အချိန်က တောစိမ့်ကျေးရွာအုပ်စု၊ တပ်တွင်း(အ.ထ.က)နှင့် စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝက်များက တောစိမ့်ကျေးရွာအုပ်စုရှိ အ.ထ.ကတပ်တွင်းကျောင်းနှင့် စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့်ဖြေဆိုနိုင်ရေး ကျောင်းဝန်းအတွင်းသန့်ရှင်းရေးနှင့် စာမေးပွဲဖြေဆိုကြမည့် စာဖြေခန်းများအားစစ်ဆေးခြင်း မီးငြိမ်းသတ်ရေးပစ္စည်းများ စနစ်တကျထားရှိမှုများ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ လျှပ်စစ်မီးမိန်းခုံများထားရှိရာနေရာများတွင် တာဝန်ရှိကျောင်းအုပ်ကြီးများနှင့်ပူးပေါင်း၍လည်းကောင်း ကျောင်းများအတွင်းထားရှိသည့် အမြင့်တင်ရေလှောင်ကန်များ ရေသိုလှောင်ထားရှိမှုပမာဏများကိုပူးပေါင်း၍ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုထားရှိပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်(၅၀၈)ဦး၊ ဆင်ဖြူကျွန်းအထကကျောင်းစာစစ်ဌာနတွင်(၄၆၇)ဦး၊ တညောင်အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင်(၁၆၁)ဦး၊ တောစိမ့်ကျေးရွာအုပ်စု၊ တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင်(၈၆)ဦး၊ စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၁၂၂၂)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
(မောင်လွင်)စလင်း