ကျောက်တံခါး မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်၉နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမ၌ ဆက်လက်ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်းနှင့် တောကျွဲအင်းဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများထံသို့ ထောက်ပံ့ငွေများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုရာကာယကံရှင်များလက်ဝယ်အရောက် သွားရောက်ပေးအပ်ကြသည်။
ထိုသို့ ထောက်ပံ့ရာနေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် ဇန်နဝါရီလအတွက် တစ်လစာ ၂သောင်းကျပ်နှုန်းဖြင့် (၂၇,၀၇၃)ဦးအတွက် သိန်းငါးထောင်ကျော်ကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသ(၄)ခု သက်ဆိုင်ရာကာယကံရှင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ မတ်လ(၁၁)ရက်နေ့ထိ (၁၁,၀၀၇)ဦး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)