အထက်မင်းလှ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ငှက်ဖျားရောဂါလုပ်ငန်းလမ်းညွှန်သင်တန်းကို မတ်လ (၁၂) ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတွင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ငှက်ဖျားရောဂါလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေးမှူးဦးထွန်းထွန်းမင်းက ငှက်ဖျားရောဂါကာကွယ်ကုသပေးမည့်အစီအစဉ်များနှင့် လုပ်ငန်းစဥ်များ၊ ငှက်ဖျားအင်စပက်တော်ဦးကျော်စိုးက ငှက်ဖျားရောဂါဖြစ်ပွားစေတတ်သောနည်းလမ်းများ၊ ငှက်ဖျားဆေးဖျန်း(မြဲ)ဦးတင်လင်းအောင်က ငှက်ဖျားရောဂါကာကွယ်ကုသရေးနည်းလမ်းများအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှအခြေခံ ကျန်းမာရေးဝန်ထမ်းဆရာ၊ ဆရာမများအားနှစ်ဖွဲ့ခွဲ၍ တစ်ကြိမ်လျှင် သင်တန်းကာလ(၂)ရက်နှုန်းဖြင့် သင်တန်းသား/သင်တန်းသူ(၅၅)ဦး စုစုပေါင်း (၁၁၀)ဦးအား (၂)ကြိမ်ခွဲ၍ သင်တန်းဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့မှ(၁၄)ရက်နေ့အထိ သင်တန်းနည်းပြဆရာ၊ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)