မြို့သစ်မြို့နယ်တွင် အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မြို့သစ် မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် အခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းကို မတ်လ ၆ ရက်နေ့ကစတင်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံအင်္ဂလိပ်စာ(Grammar)သင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စံပယ်ဆန်းဝင်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာအခြေခံပညာမူလတန်းအဆင့် Grade-4 မှ အခြေခံပညာအလယ်တန်းအဆင့် Grade -8 အထိ ကျောင်းသား/ကျောင်းသူများကို မတ်လ၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ  တစ်ပတ်လျှင်(၂)ရက်(ကြာသပတေးနေ့နှင့် သောကြာနေ့) ညနေ ၄ နာရီမှ ၆ နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက်)