အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျိုက်လတ် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)တွင် ယမန်နေ့ နံနက် (၉)နာရီက မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)မှ ကျောင်းသူလေးများက သနပ်ခါးလေးနဲ့ မောင့်ချစ်သူ သီချင်းဖြင့်  ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က မြန်မာ့ရိုးရာသနပ်ခါးအကြောင်း၊ ဆေးဖက်ဝင်ပုံအကြောင်း၊ မြန်မာ့ဓ‌လေ့နှင့် သနပ်ခါးအပေါ်ချစ်မြတ်နိုးမှု၊ အသုံးပြုမှုစသည်တို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)မှ ကျောင်းသား၊ ကျောင်းသူများက သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေးပြသထားရှိသည့် နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်