ပြည်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေအလွယ်တကူရရှိမည့် အုတ်ကန်၊ မြေအောက်ကန်နှင့် သဘာဝရေကန်များ ရေသိုလှောင်ထားရှိမှုစစ်ဆေး

ပြည် မတ် ၁၃

ပြည်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ ရေအလွယ်တကူရရှိနိုင်မည့် အုတ်ကန်၊ မြေအောက်ကန်နှင့် သဘာဝရေကန်များ၌ ရေသိုလှောင်ထားရှိမှု အခြေအနေအား စစ်ဆေးခြင်းကို မတ်လ  (၁၁) ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးနှင့် တပ်ဖွဲ့ဝင်များက ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် လမ်းမတော်လမ်းနှင့် တပ်လမ်းထောင့်ရှိဂါလန် (၁၂၀၀) ဆံ့ အုတ်ရေလှောင်ကန်၊ ကျောင်းကြီးအိုးတန်းရပ်ကွက် စည်ပင်ဝန်းအတွင်းရှိ ဂါလန် (၁၂၈၀၀၀) ဆံ့ ရေစင်၊ နဝဒေးရပ်ကွက် တိုးချဲ့စက်မှုဇုန်ရှိ ဂါလန် (၆၀၀၀၀) ဆံ့ အုတ်ရေလှောင်ကန်နှင့် ဆင်စုရပ်ကွက်ရှိ ဂါလန် (၁၂၀၀) ဆံ့ အုတ်ရေလှောင်ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးက ရပ်ကွက်/ကျေးရွာအလိုက် တာဝန်ရှိသူများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေကန်များ၌ အမြဲမပြတ် ရေအပြည့်သိုလှောင်ထားရှိရေးနှင့် ပြုပြင်ရန်လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)