အိမ်မဲ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဂယက်ကြီးကျေးရွာ အ.လ.က (ခွဲ) ဂယက်ကြီးကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းလှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဂယက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက သင်တန်းလာရောက်ဖွင့်လှစ်ပေးမှုအပေါ် ဝမ်းသာပီတိစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသူများအား ကြက်ခြေနီအကြောင်းသိကောင်းစရာ Video Clip အား ပြသပေးခဲ့သည်။ ထို့နောက် အ.လ.က (ခွဲ) ဂယက်ကြီးကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်က သင်တန်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အဆိုပါကျောင်းအတွက် ကြက်ခြေနီသုံးဆေးပစ္စည်းများကို ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို မတ်လ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)