နတ်မောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့အင်္ဂလိပ်စာအခြေခံ(Grammar) သင်တန်း ဖွင့်လှစ်

နတ်မောက် မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းသား/သူလေးများ နွေရာသီကျောင်းပိတ်ရက်များဖြစ်သော်လည်း ဆရာ/မများ၏ မေတ္တာစေတနာများဖြင့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ရှိ ကျောင်းသား/သူများအား အခမဲ့အင်္ဂလိပ်စာအခြေခံ(Grammar)သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမဲ့အင်္ဂလိပ်စာသင်တန်းတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ဦးဆောင်ကြီးကြပ်ပြီး ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့်(သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန်ရည်ရွယ်ချက်များဖြင့် အင်္ဂလိပ်စာဘာသာရပ်သင်ကြားပေးမည့် ဆရာ/မ (၃)ဦးတို့၏ သင်ကြားမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ကျောင်းသား/သူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းဆရာ/မ (၃)ဦးဖြစ်ပြီး သင်တန်းကာလမှာ (၇)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း