ဇလွန်မြို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံပြကွက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဇလွန်  မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေကွင်းအမှတ် (၁၈၄၂)၊ ဦးပိုင်အမှတ် (၄၅ /၂ ) တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၆) ဧက စံပြကွက် စံကွက်တွင် ( ၀.၁၀ )ဧက ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲ ၃နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲသို့ ဟင်္သာတခရိုင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေ (၆) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက်တွင် (၀.၁၀)ဧကရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် နေကြာ ( ၅၂ ) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ဝေယံ - ဇလွန်( ပြန်/ဆက်)