ရေတာရှည်မြို့နယ်၌ အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရေတာရှည် မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အမျိုးသမီးများ အကြမ်းဖက်မှုနှင့်သက်ငယ်မုဒိမ်းဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ကမ္ဘာနိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော သက်ငယ်မုဒိမ်း ပြဿနာများအကြောင်း၊ သက်ငယ်မုဒိမ်းဖြစ်စေသည့် အကြောင်းအရင်းများကို ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှသက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါကျော်မှ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်းနှင့်ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည်များ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ မီးသတ်ဆေးဗူးအသုံးပြုပုံများကို အသိပညာပေးပြောကြားခဲ့ပြီး မီးဘေးအန္တရာယ်ဆိုင်ရာ သရုပ် ပြမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)