တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၃/၂၀၂၅)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၃/၂၀၂၅)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ စကျက်မြေ၊ သစ်တောမြေ စသဖြင့် မြေနေရာများစွာရှိပြီး ကဏ္ဍအလိုက် ကျင့်သုံးနေကြသူများရှိကြောင်း၊ ထုတ်ပြန်ထားသော မြေယာဥပဒေနှင့်အညီ ကိုက်ညီအောင် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် မြေနှင့်ဆက်စပ်ပြီး လုပ်ကိုင်ဆောင်ရွက်ရသည့်အတွက်  အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ရသည့်အခါတွင် အခက်အခဲရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စရပ်များသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)