ကော့သောင်း မတ် ၁၁
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် ခရိုင်ပညာရေး၊ မြို့နယ်လျှပ်စစ်နှင့်ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာစာမေးပွဲဖြေဆိုနိုင်ရေး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ စာမေးပွဲဖြေဆိုမည့် အခန်းများအား စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ စနစ်တကျ ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုနှင့် လျှပ်စစ်မိန်းထားရှိနေရာများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်တွင် စာစစ်ဌာန ၃ ခုရှိပြီး အ.ထ.က (၁) စာစစ်ဌာနတွင် (၂၂၆)ဦး၊ အ.ထ.က(၂) စာစစ်ဌာနတွင်(၉၇)ဦးနှင့် အ.ထ.က ခမောက်ကြီး စာစစ်ဌာနတွင် (၅၈)ဦး စုစုပေါင်း (၃၈၁)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)