ထန်ပါခွေမြို့၌ ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက်ပြီးစီးမှုနှင့် လယ် (၅၀) ဧက ဖော်ထုတ် ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ထန်ပါခွေ ဒီဇင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဒီဇင်ဘာလ (၇) ရက်၊ နံနက် (၈) နာရီအချိန်က  ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက် ပြီးစီးမှုနှင့် လယ် (၅၀) ဧကဖော်ထုတ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ထန်ပါခွေမြို့ ပြည်သူ့ဆေးရုံ၌ စစ်ကိုင်းတိုင်းဒေသကြီး ကုသရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်(၈၆.၄၈)သန်းဖြင့် (၅၂ ပေ×၄၄ ပေ) ခွဲစိတ်ဆောင်(RC) ၁ထပ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့် စစ်ကိုင်းတိုင်း‌ဒေသကြီးစက်မှု လယ်ယာဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် (၄၅) သန်းဖြင့် လယ်(၅၀)ဧက ဖော်ထုတ်ထားရှိမှုအား လဟယ်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်၊ လဟယ်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလပ်ဆက်၊ နာဂဒေသဦးစီးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးစည်သူမိုး၊ ထန်ပါခွေမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးရန်ဟီးဝေပုံနှင့် ဌာနဆိုင်ရာ များမှ  ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)