စေတုတ္တရာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား/သူများအ​နေဖြင့် ကျောင်းစာအပြင် ဗဟုသုတဖြစ်စေမည့် စာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ ပညာသင်ယူချိန်တွင် ကျောင်းစာနှင့်အတူ ဘဝတိုးတက်ရေးစာပေများ လေ့လာစေလိုကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ပြည်သူ့စာကြည့်တိုက်တွင် ​နွေရာသီကျောင်းပိတ်ရက်ကာလများ၌ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းဖတ်ရှု​လေ့လာနိုင်ကြောင်း ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ​သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသည့်  နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)