ရေဖြူ မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ (၂၀)ကြိမ်မြောက် မဟာစည် သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေး မဟာသင်္ကြန်ကာလ (၁၀) ရက်တာ တရားစခန်းကို ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်းတိုက်၌ ဧပြီလ(၇)ရက်နေ့ (၁၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ထိုတရားစခန်းတွင် လားရှိုးမြို့၊ အောင်စေတနာဝေနေယျသုခကျောင်းဆရာတော် ဦးသစ္စဝံသက မဟာစည်ရိပ်သာကြီး၏ သတိပဋ္ဌာန်ကျင့်ကြံအားထုတ်နည်းကို လမ်းညွှန်ဟောဖော်ကာ (၁၀) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝရားအားထုတ်သူများအား အာရုံဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲနှင့် ရေမီးစသည်တို့ကို လှူဒါန်းနိုင်ကြောင်း ဂေါပက ဦးခင်မောင်မြင့်ထံက သိရသည်။
ခတ္တာ (ရေဖြူ)