ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်

ကျောက်တံခါး မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်သည့်နှင့်ပတ်သက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မိုးသူဇာက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အတွင်း စိတ်လေလွင့်မှုမရှိဘဲ အားကစားကို စိတ်ပါဝင်စားစွာ လေ့ကျင့်စေခြင်းဖြင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားကာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  အခြေခံအေရိုးဗစ်သင်တန်းကို သင်တန်းသား(၃၅)ဦးဖြင့် မတ်လ(၁၀) ရက်နေ့မှ (၃၁)ရက်နေ့ထိ  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး၊ အခြေခံအေရိုးဗစ်၊ Physical Fitness Dance  အကစသည့် သင်တန်း(၃)မျိုးကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင် ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)