မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "ပထမမင်္ဂလာ"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက  စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်ဦးမြသန်းက "ပထမမင်္ဂလာ"စာအုပ်မှ "ပညာနှင့်တူသောအလင်းရောင်" ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်း‌ကောင်း၊ ဝါသနာတူလူငယ်များအသင်း(Youth Club)အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက "ဆန္ဒကြီးရင် ကြံသမျှပြီးတယ်"၊ (Youth Club)အဖွဲ့ဝင် မသစ်သစ်ဦးက "ပထမမင်္ဂလာ" စသည့်ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက မိမိတို့သိလိုသည်များကို မေးမြန်းကြပြီး စာပေဖတ်ကြားသူများနှင့် ပြန်လည်‌ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)